ကျွန်တော်တို့ (Naing-Naing Trading) လုပ်ငန်းစုကြီးကို စတင်တည်ထောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ စတင်ပြီး ယနေ့အချိန်ထိ နှစ်ပေါင်း(၁၃) တိုင်တိုင် ခိုင်မာစွာ ရပ်တည်နိုင်ရန် အစဉ်အမြဲ ကြိုးစားတည်ဆောက်ခဲ့ပါသည်။
ယခုအခါ အလျင်အမြန် ပြောင်းလဲ တိုးတတ်လာနေသော မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် အခြေခံအဆောက်အအုံနှင့် စက်မှုလုပ်ငန်းများ အထူးလိုအပ်လျက်ရှိသည်ကို ကောင်းစွာနားလည်သဘောပေါက်ထာူပါသည်။ အဆိုပါလိုအပ်ချက်ကို (Naing-Naing Trading) အနေဖြင့် ကျရာအခန်းကဏ္ဍမှ ဖြည့်စွက်ပေးရန်ကြိုးစားပေးမည်ဖြစ်ပြီး ၊ မိတ်ဖက်လုပ်ငန်း ကုမ္ပဏီများနှင့်လည်း ရင်းနှီးချစ်ကြည်စွာ လက်တွဲအကောင်ထည်ဖော်သွားမည်ဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်းများ ချဲ့ထွင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို တစ်ဖက် တစ်လမ်းမှ ပေးစွမ်းကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းကူညီမည်ဖြစ်ပါသည်။ အရှည်တည်တံ့မှုသည် အခြေခံဖောင်ဒေးရှင်း သိပ်သည်းကျစ်လျစ်မှုအပေါ်တွင် မှီတည်သည်ဟု ယုံကြည်သည့် အလျောက် တိုင်းပြည်အတွက်လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် အရည်အသွေးမြင့်မားသော ပစ္စည်းများဖြင့် ပံ့ပိုးပေးရန်ဟူသည့် ကောင်းမွန်သောစိတ်နှလုးံဖြင့် ကျွန်တော်တို့ လုပ်ငန်းကိုလည်း ယခင်အတိုင်း ဆက်လက်ဖွံ့ဖြိုးနေစေရန် တည်ဆောက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဖက်လုပ်ငန်းရှင်ကြီးများ၊ အနယ်နယ်အရပ်ရပ်မှဖောက်သည်အရောင်းကိုယ်စားလှယ်ကြီးများနှင့် ၀န်ထမ်းလုပ်သားများအနေဖြင့် (Naing-Naing Trading) နှင့် လက်တွဲ၍ မိမိတို့တစ်ကိုယ်ရည် အောင်မြင်မှုများနှင့် နိုင်ငံတော်ကို အတူတကွ တည်ဆောက်ခြင်းဟူသော ရည်ရွယ်ချက်အောက်တွင် အတူတကွ အကောင်အထည်ဖော်နိုင်ကြပါရန် တိုင်တွန်းလိုပါသည်။ တစ်သားတည်းကျသောရည်ရွယ်ချက်ဖြင့် ကိုယ်စီအောင်မြင်မှုများ ရယူနိုင်ပါစေ။